Mar 3, 2024
ထိုင်းစာ မသင်ချင်တဲ့ တိုက်ခိုက်ရေးသမားများအတွက်
ထိုင်းနိုင်ငံရှိ Education Visa တွေထဲမှ Language School / University အစရှိတဲ့ ဗီဇာ တွေအပြင် လူစိတ်ဝင်စားမှုနည်းသေးသည့် နောက်ထပ် ဗီဇာ အမျိုးအစားကတော့ *မွေထိုင်း ဗီဇာ* ပဲ့ဖြစ်ပါတယ်။
မွေထိုင်းဗီဇာ ကိုရယူခြင်းဖြင့် ထိုင်းရိုးရာ မွေထိုင်းအားကစား အား သင်ကြားနိုင်ခြင်း ၊ အခြား ဗီဇာများနည်းတူ နေထိုင်ခွင့် ရရှိခြင်း အစရှိသည့် အကျိုးကျေးဇူးများ ရယူနိုင်ပါသည်။ Language School သွားပြီး အတန်းမတက်လိုသည့် သူများ မွေထိုင်းအားကစား အား စိတ်ဝင်စားသူ ၊ လေ့လာသင်ယူလိုသူများ အတွက်လည်း အထူးပင် သင့်တော်ပါသည်။
မွေထိုင်းဗီဇာနှင့်ပတ်သက်ပြီး ကုန်ကျစရိတ်နှင့် လုပ်ဆောင်ချက် အနည်းငယ် ကို အောက်တွင�� ဆက်လက်ဖော်ပြသွားမည်ဖြစ်ပါတယ်။
1. လေ့ကျင့်ချိန် အကြိမ် ၉၀ အတွက် ကျသင့်ငွေ ဘတ် ၃၀,၀၀၀ + စာရွက်စာတမ်း ဝန်ဆောင်မှု ကျသင့်ငွေ ဘတ် ၆,၀၀၀ = စုစုပေါင်း ကျသင့်ငွေ ဘတ် ၃၆,၀၀၀
2. လေ့ကျင့်ချိန် အကြိမ် ၁၂၀ အတွက် ကျသင့်ငွေ ဘတ် ၄၀,၀၀၀ + စာရွက်စာတမ်း ဝန်ဆောင်မှု ကျသင့်ငွေ ဘတ် ၆,၀၀၀ = စုစုပေါင်း ကျသင့်ငွေ ဘတ် ၄၆,၀၀၀
3. လေ့ကျင့်ချိန် အကြိမ် အကန့်အသတ်မရှိ အတွက် ကျသင့်ငွေ ဘတ် ၆၀,၀၀၀ + စာရွက်စာတမ်း ဝန်ဆောင်မှု ကျသင့်ငွေ ဘတ် ၆,၀၀၀ = စုစုပေါင်း ကျသင့်ငွေ ဘတ် ၆၆,၀၀၀
ယင်း မွေထိုင်းဗီဇာ အတွက် ၃လ တစ်ကြိမ် သက်တမ်းတိုးရမည် ဖြစ်ပြီး သက်တမ်းတိုးသည့်အကြိမ်တိုင်းတွင် ဗီဇာ ၃လ သက်တမ်း အတွက် ဘတ် ၁,၉၀၀ ဖြစ်ပြီး စာရွက်စာတမ်း ဝန်ဆောင်မှုရယူပါက ဝန်ဆောင်ခ ဘတ် ၄,၀၀၀ ဖြင့် စုစုပေါင်း ဘတ် ၅,၉၀၀ ကျသင့်မည်ဖြစ်ပါတယ်။
မွေထိုင်း သင်တန်းကျောင်း အနေဖြင့် ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာန မှ approval letter အား ရယူရန် အချိန်အားဖြင့် ၇-၈ ပတ်ခန့်ထိ ကြာမြင့်နိုင်ပါတယ်။ Approval Letter ရသည့်အချိန်တွင် သက်ဆိုင်ရာ email သို့ စာတိုက်မှ တဆင့် စာရွက်စာတမ်း များအား ပို့ပေးပြီး ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် လျှောက်ထားကာ လာရောက်နိုင်မှာဖြစ်သလို ထိုင်းနိုင်ငံအတွင်းရောက်မှလည်း ယင်း မွေထိုင်းဗီဇာ သို့ပြောင်းလည်း နိုင်ပါတယ်။
Information Credit: Chiangmai Muay Thai Gym
Visa Agent များ မိမိ Agency ကိုထည့်သွင်းလိုပါကဖောင်ဖြည့်ရန်
https://forms.gle/WdYBNRDFowkiPrvN9
Stay Informed, Stay Safe.