Visa AgentsReal Estate AgentsBlogContact Us
List Your Business

Feb 28, 2024

TR Visa နှင့် ရေရှည်နေထိုင်နည်း အပိုင်းတို

Tourist Visa ဖြင့် ရေရှည်နေထိုင်ရန် လာမည်ဆိုပါက ရှေးဦးစွာ ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် Tourist Visa လျှောက်ထားရန် လိုအပ်ပါသည်။

TR Visa နှင့် ရေရှည်နေထိုင်နည်း အပိုင်းတို

ထိုင်းနိုင်ငံတွင် Tourist Visa ဖြင့် ရေရှည်နေထိုင်ရန် လာမည်ဆိုပါက ရှေးဦးစွာ ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် Tourist Visa လျှောက်ထားရန် လိုအပ်ပါသည်။ နေထိုင်ခွင့် အချိန် ရက်၆၀ + ရက် ၃၀ ထပ်မံ သက်တမ်းတိုးနေထိုင်နိုင်မှာဖြစ်ပြီး E-extension ၁လ စီဖြင့် စုစုပေါင်း ၄-၅ ကြိမ် သက်တမ်းတိုး နေထိုင်နိုင်မှာဖြစ်ပါတယ်။ ၄င်းနောက် အနီးဆုံး လာအို သို့ ထွက်ခွါပြီး TR visa လျှောက်ပြီး ထိုင်းသို့ပြန်ဝင်လာပါက စုစုပေါင်း ရက် ၆၀ + ရက် ၃၀ သက်တမ်းတိုးပြီး ဆက်လက် နေထိုင်နိုင်ပါတယ်။

TR Visa အား တစ်နှစ်လျှင် နှစ်ကြိမ်သာ လျှောက်ထားနိုင်ပါတယ်။

ဆက်လက် ရေရှည် နေထိုင်ရန် ရှိပါက နောက်ထပ် long term visa တစ်မျိုးမျိုးကိုသာ စဉ်းစားရန် သင့်တော်ပါသည်။ ၄င်း TR Visa နှင့်နေထိုင်ခြင်းသည် တတိယနိုင်ငံ ထွက်ခွါရန်ပြင်ဆင်နေသူများ နှင့် အလုပ် ရှာဖွေသူများ ၊ အလွတ်တန်း လုပ်ငန်းရှင် များအတွက် သင့်တော်ပြီး နောက်အများဆုံးနေထိုင်ကြတာတော့ Non-ED ခေါ် Education visa များနှင့်လည်း အနေများကြပါတယ်။

TR Visa လျှောက်ထားရန် လိုအပ်သည့် စာရွက်စာတမ်းများကို အောက်ပါ သံရုံး website တွင် ဖတ်ရှုနိုင်ပါသည်။

Tourist Visa- Royal Thai Embassy

မှတ်ချက်။ ။ လက်တလော အခြေအနေများအရ ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် TR Visa လျှောက်ထားမှုမှာ ယခင်လို ၂-၃ရက်ဖြင့်ရရှိနိုင်တော့မည် မဟုတ်ပါသဖြင့် မိမိထွက်ခွါမည့်ရက် မတိုင်မီ ၃ပတ် အလိုတွင် လျှောက်ထားမှသာ စိတ်ချရမည်ဖြစ်ပါသည်။

TR ၊ Non-Ed visa နှင့်နေထိုင်သူများ ၊ work-permit မရှိသူများသည် ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ပိုင်ခွင့်မရှိပါ။

Visa Agent များ မိမိ Agency ကိုထည့်သွင်းလိုပါက ဖောင်ဖြည့်ရန်

https://thailandxpert.com/list-your-business

Stay Informed , Stay Safe.